ဒိန်းမတ် အပါအဝင် နိုင်ငံ ၆နိုင်ငံတို့သည် အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်(TAC)ကို လက်မှတ်ရေးထိုး

(GMT+08:00)2022-08-04 13:35:53  

ဒေသစံတော်ချိန် သြဂုတ် ၃ ရက်နေ့က ဒိန်းမတ်၊ ဂရိ၊ နယ်သာလန်၊ အိုမန်၊ ကာတာနှင့် အာရပ်စော်ဘွားများနိုင်ငံတို့သည် ကမ္ဘောဒီးယားတွင် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ်အတွင်း အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံ စလုံးသည် အဆိုပါ စာချုပ်တွင် ပါဝင်လာခဲ့ကြကြောာင်း၊ ထို့အပြင် တရုတ် အပါအဝင် အခြားနိုင်ငံများလည်း အဆိုပါ စာချုပ်တွင် ပါဝင်ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။