ကမ္ဘောဒီးယားဘုရင် သီဟာမိုနီသည် ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2022-08-04 13:56:49  

ဒေသစံတော်ချိန် သြဂုတ်လ ၃ရက်နေ့က ကမ္ဘောဒီးယားဘုရင် သီဟာမိုနီသည် ဖနွမ်းပင်မြို့တော်၌ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက ရာစုနှစ် တစ်ဝက်ကျော်တုန်းမှစ၍ တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် တစ်လျှောက်လုံး အပြန်အလှန် လေးစားပြီး အပြန်အလှန်ယုံကြည်ကာ တန်းတူရည်တူ သဘောထား၍ ပူးပေါင်းဆောင်ရွက်ပြီး အကျိုးတူစီးပွားရရှိကာ နှစ်နိုင်ငံအကြား ဆက်ဆံရေး စံနမူနာကို စိုက်ထူလာကြကြောင်း၊ တရုတ်ဘက်သည် ကမ္ဘောဒီးယားနှင့်အတူ ချစ်ကြည်ရေး အစဉ်အလာကို အဆက်မပြတ် ထားရှိပြီး မဟာဗျူဟာ အဓိပ္ပါယ်ပါရှိသော အေးအတူပူအမျှဖြစ်ကြသည့် ကံကြမ္မာအသိုက်အဝန်းထူထောင်မှုကို ဆက်တိုက် နက်ရှိုင်းစွာ တွန်းအားပေးကာ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးကို ခေတ်သစ်တွင် ပိုမို အားကောင်းလာစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

သီဟာမိုနီက ကမ္ဘောဒီးယားဘက်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ဆက်လက်စွဲကိုင်မည်ဖြစ်ပြီး တရုတ်ဘက်နှင့်အတူ ပြတ်သားစွာ ရပ်တည်မည်ဖြစ်ကြောင်း အလေးထားပြောကြားပါသည်။