ယီမင် ပဋ္ဋိပက္ခ ဘက်အသီးသီးတို့က အပစ်အခတ်ရပ်စဲရေး ဆက်လက် သက်တမ်းတိုးရန် သဘောတူကြကြောင်း ကုလသံတမန် ဆို

(GMT+08:00)2022-08-04 13:37:31  

ကုလသမဂ္ဂ၏ ယီမင်ပြဿနာဆိုင်ရာ အထူးသံတမန် ဂရင်တယ်ဘယ်ရီက ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ယီမင် ပဋ္ဋိပက္ခ ဘက်အသီးသီးတို့အနေနှင့် မူလက ရရှိခဲ့သော သဘောတူညီချက်ပါ သက်ဆိုင်ရာ သတ်မှတ်ချက်များအရ အပစ်အခတ်ရပ်စဲရေးကို ၂ လ ဆက်လက် သက်တမ်းတိုးရန် သဘောတူကြသည်ဟု ဖော်ပြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။