ဝမ်ယိနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-08-04 14:48:44  

ဒေသ စံတော်ချိန် ယခုလ ၃ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး Prak Sokhonnနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Prak Sokhonnက မကြာခင်က အမေရိကန်၏ ပြုမူဆောင်ရွက်ချက်သည် တရုတ်ပြည်၏ အချုပ်အခြာ အာဏာကို ကျူးကျော်ထိပါးပြီး ၄င်း၏ ကတိပြုချက်ကို ဖောက်ဖျက်ကာ ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာမှုကို အရှိန်မြှင့်၍ အမေရိကန်၏ အပြောနှင့် အလုပ် မညီညွတ်ခြင်းနှင့် ဗိုလ်ကျစိုးမိုးရေး လုပ်ရပ်ကို အပြည့်အဝ ပေါ်လွင်လာစေကြောင်း၊ ကမ္ဘောဒီးယား အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ပြတ်ပြတ်သားသား စွဲကိုင်ပြီး ထိုင်ဝမ်သည် တရုတ် ပိုင်နက်နယ်မြေတွင် ခွဲ၍ မရသော အစိတ်အပိုင်းဖြစ်သည်ဟု ယူဆကာ ထိုင်ဝမ်၊ ရှင်းကျန်း၊ ရှီးဇန့်(တိဘက်)စသည့် တရုတ်ပြည်တွင်းရေးရာများနှင့် ပတ်သက်၍ တရုတ်ပြည်၏ တရားမျှတမှန်ကန် သည့် သဘောထား ရပ်တည်ချက်ကို အားပေးထောက်ခံ၍ တရုတ်ပြည်က ကိုယ့် တရားမျှတ မှန်ကန်သည့် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် အားပေးထောက်ခံပြီး အမေရိကန်ဘက်မှ ရန်စမှု လုပ်ရပ်အပေါ် တရုတ်ပြည်က ပြတ်သားစွာ တုံ့ပြန်ရန်လည်း အားပေးထောက်ခံကြောင်း ပြောကြားသည်။

ဝမ်ယိက ကမ္ဘောဒီးယား နိုင်ငံ၏ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ခြင်းအား ချီးကျူးကြောင်း၊ တရုတ်ပြည်သည် အာဆီယံ နိုင်ငံများနှင့် အတူ အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက် ရေး ဖြစ်သည့် အခြေခံအကျဆုံးသော နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ကာ ရခဲသော ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ရန် လက်တွဲ ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

နှစ်ဖက်တို့သည် မြန်မာ ပြဿနာနှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်။