တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တိုက်လေယာဉ် ၂၇စင်း ထိုင်ဝမ် ရေလက်ကြား အလယ်မျဉ်းဆိုသည်ကို ဖြတ်ကျော်

(GMT+08:00)2022-08-04 13:57:39  

သြဂုတ်လ ၂ရက်နေ့ညမှ ၃ရက်နေ့ညနေပိုင်းအထိ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Patricia Pelosiသည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ် ခဲ့ပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်နယ်က ထိုင်ဝမ်ကျွန်း ၏မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းပင်လယ်နှင့် လေပိုင်နက်တွင် ရေတပ်၊ လေတပ်၊ ဒုံးလက်နက်တပ်၊ မဟာဗျူဟာမြောက် ပံ့ပိုးကူညီရေးတပ်နှင့် ထောက်ပံ့ရေးတပ် စသည့် တပ်များပါဝင်သော ကျည်ဆန်အစစ်ဖြင့် ပူးတွဲစစ်ရေး လေ့ကျင့်ပွဲကို ကျင်းပကြောင်း သြဂုတ်လ၃ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာ ခဲ့ပါသည်။

သြဂုတ်လ ၃ရက်နေ့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တိုက်လေယာဉ် ၂၇စင်းသည် “ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန်”သို့ ဝင်ရောက်သည့် အပြင်“ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်း”ဆိုသည်ကိုလည်း ဖြတ်ကျော်ခဲ့သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဌာနမှ ထုတ်ပြန်သောသတင်းကို ကိုးကား၍ ထိုင်ဝမ်မီဒီယာများက သြဂုတ်လ ၃ရက်နေ့ည က ရေးသားဖော်ပြခဲ့ကြပါသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်နယ်က ယခုအကြိမ် စစ်ရေး လေ့ကျင့်ပွဲမှာ လတ်တလောတွင် ထိုင်ဝမ်ပြဿနာနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ အနုတ်လက္ခဏာဆောင်သည့် အပြုအမူ အဆင့်မြှင့်တင်ခြင်းအပေါ် တည်ကြည် လေးနက်သော တုံ့ပြန်မှု ဖြစ်ကြောင်း၊ ထိုင်ဝမ်သီးခြားတည်ရှိရေးအင်အား၏ ထိုင်ဝမ်သီးခြားတည်ရှိရေး လုပ်ရပ်အပေါ် အလေးအနက် သတိပေးချက် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။