ထိုင်ဝမ်လူမှုရေးအဖွဲ့အစည်းများ ကန့်ကွက်လှုပ်ရှားမှုများ ကျင်းပ

(GMT+08:00)2022-08-04 13:57:58  

သြဂုတ်လ ၂ရက်နေ့ညက တရုတ်နိုင်ငံထိုင်ဝမ်ဒေသမှ လူမှုရေးအဖွဲ့အစည်း များသည် ကန့်ကွက်လှုပ်ရှားမှုများ ကျင်းပပြီး အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Patricia Pelosiမှ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းကို အပြစ်တင် ရှုတ်ချခဲ့ကြပါသည်။

တိုင်ပေ Songshan လေဆိပ်တွင် ကန့်ကွက်ကြောင်းဖော်ပြရန် လူမှုရေး အဖွဲ့အစည်းများ စုစည်းခဲ့ကြပါသည်။ ၄င်းအဖွဲ့အစည်းများက Nancy Patricia Pelosiအား အကြောင်းမဲ့သက်သက် ရန်စပြီး ထိုင်ဝမ်ရေလက်ကြား၏ တင်းမာသောအခြေအနေကို တစ်ရှိန်ထိုးမြင့်တက်လာစေကာ ထိုင်ဝမ်သူထိုင်ဝမ်သားများ မကြိုဆိုကြောင်း ဖော်ပြခဲ့ကြပါသည်။ တိုင်ပေ Grand Hyatt ဟိုတယ် ရှေ့ပေါက်ဝတွင် ရာနှင့်ချီသော ဆန္ဒပြ ထိုင်ဝမ်သူ ထိုင်ဝမ်သားများ စုစည်းပြီး Nancy Patricia Pelosiမှ တရုတ်နိုင်ငံထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းအတွက် ဒေါသထွက်မိကြောင်း ဖော်ပြခဲ့ကြပါသည်။