ထိုင်ဝမ် ပြဿနာ အပေါ် အမေရိကန်၏ ကတိသစ္စာဖောက်ဖျက်ခြင်းသည် ၄င်း၏ နိုင်ငံတော် ဂုဏ်သိက္ခာကို တစ်ဆင့်တိုး ပျက်ပြားစေမည်သာ ဖြစ်သည်ဟု ဝမ်ယိဆို

(GMT+08:00)2022-08-03 11:18:22  

ယခုလ ၂ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ကာ အလယ်အာရှသို့ခရီးလှည့်လည်ပြီးသတင်းထောက်နှင့် တွေ့ဆုံရာတွင် ထိုင်ဝမ် ပြဿနာနှင့် ပတ်သက်၍ တရုတ်ဘက်မှ တည်ကြည်လေးနက်သော သဘောထား ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့သည်။

ဝမ်ယိက ထိုင်ဝမ် ပြဿနာ အပေါ် အမေရိကန်ဘက်မှ ကတိသစ္စာဖောက်ဖျက်ခြင်းသည် ရွံရှာဖွယ်ကောင်းလှကြောင်း၊ ယင်းသည် အမေရိကန်၏ နိုင်ငံတော် ဂုဏ်သိက္ခာကို တစ်ဆင့်တိုး ပျက်ပြားစေမည်သာ ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံရေး သမား အချို့သည် ကိုယ့်အကျိုးစီးပွားကိုသာ ငဲ့ကွက်ပြီး ထိုင်ဝမ် ပြဿနာနှင့် ပတ်သက်၍ ပြောင်ပြောင်တင်းတင်း မီးကစားကာ တရုတ်ပြည်သူ ၁့၎ဘီလီယံ၏ ရန်သူ ဖြစ်လာ၍ မရှုမလှ ဇာတ်သိမ်းသွားမည်မှာ မုချမလွဲ ဖြစ်ကြောင်း အလေးထား ပြောကြားသည်။