တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူမှ Pelosi ထိုင်ဝမ်သို့ ခရီးလှည့်လည်ခြင်းနှင့်ပတ်သက်၍ ပြောဆိုချက် ထုတ်ပြန်

(GMT+08:00)2022-08-03 16:39:02  

သြဂုတ်လ ၂ ရက်နေ့က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosi ၏ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခြင်းအပေါ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူသည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီကိုယ်စား အောက်ဖော်ပြပါအတိုင်း ပြောဆိုချက် ထုတ်ပြန်ခဲ့ရာ----

သြဂုတ်လ ၂ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosiမှ တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော အရေးဆိုမှုနှင့် ပြတ်သားသော ကန့်ကွက်မှုကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းမှာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း (၃)ရပ်၏ သက်ဆိုင်ရာသတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ထိခိုက်စေ ပါသည်။ တရုတ်-အမေရိကန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ပြင်းထန်စွာ ထိခိုက်စေပါသည်။ ထိုင်ဝမ်ခွဲထွက်ရေးအင်အား အား အလွန်မှားယွင်းသောအချက်ကို ပြလိုက်ပါသည်။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်သည် ယင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းထန်စွာ အပြစ်တင်ရှုတ်ချပါသည်။

ကမ္ဘာပေါ်တွင် တရုတ်ပြည်တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေတွင် ခွဲ၍မရသော အစိတ်အပိုင်းဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံတစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်သော တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်ပါသည်။ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူဝါဒသည် တရုတ်-အမေရိကန် နိုင်ငံခြားရေးဆက်ဆံမှုထားရှိရန် ကြိုတင်လိုအပ်ချက်ဖြစ်သည့်အပြင် တရုတ်-အမေရိကန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်လည်းဖြစ်ပါသည်။ ထိုင်ဝမ် ပြဿနာနှင့်ပတ်သက်၍ အမေရိကန်သည် တရုတ်နိုင်ငံအား လေးနက်သော ကတိက၀တ်ကို ပြုလုပ်ခဲ့သော်လည်း တကယ်တော့ အမေရိကန်-ထိုင်ဝမ် အနှစ်သာရ ဆက်ဆံရေးနှင့် အစိုးရချင်း ကူးလူးဖလှယ်မှုကို အဆက်မပြတ် တိုးမြှင့်လာပြီး ထိုင်ဝမ်ခွဲထွက်ရေးအင်အားကို ထောက်ခံပြီး “ထိုင်ဝမ်ဖြင့် တရုတ်ကို ထိန်းချုပ်မှု” ပြုလုပ်ကာ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပြင်းထန်စွာထိခိုက်စေပါသည်။ တရုတ် အစိုးရနှင့် ပြည်သူများသည် ဆောင်ရွက်ချက်ကို ကျင့်သုံးပြီဖြစ်ပြီး ဆက်လက်ကျင့်သုံးမှာ ဖြစ်ကာ ကိုယ့်အချုပ်အခြာအာဏာ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးရေးအကျိုးစီးပွားကို ပြတ်သားစွာ ထိန်းသိမ်းစောင့်ရှောက်မည်ဖြစ်ပါသည်။

ထိုင်ဝမ်ပြဿနာသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုနှင့် သက်ဆိုင်သောကြောင့် တရုတ်နိုင်ငံသည် မည်သို့မျှ အလျှော့ မပေးပါ။ ခွဲထွက်ရေးဆန့်ကျင်မှု နိုင်ငံတော်ဥပဒေတွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒကို စွဲကိုင်မှု၊ “ထိုင်ဝမ်ခွဲထွက်မှု”ကို ထိန်းချုပ်ဟန့်တားမှု၊ ပြင်ပအင်အားမှ ထိုင်ဝမ်ပြဿနာကို ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်မှု စသော အရေးကြီးပြဿနာများအပေါ် သတ်မှတ်ချက်များကို ရှင်းလင်းပြတ်သားစွာ ပြုလုပ်ခဲ့ပါသည်။ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ သည် ထိုင်ဝမ်ပြဿနာအပေါ် ရပ်တည်ချက် အမြဲတမ်း မပြောင်းလဲပါ။ တရုတ်နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတည်တံ့ပြည့်စုံမှုကို ပြတ်သားစွာ ထိန်းသိမ်းစောင့်ရှောက်မှုသည် တရုတ်ပြည်သူ (၁.၄)ဘီလီယံတို့၏ ပြတ်သားသော သဘောထားဖြစ်ပါသည်။ တရုတ်ပြည် အပြည့်အဝ တစ်ပေါင်းတစ်စည်း တည်းဖြစ်စေရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်စေရေးကို မည်သို့ပင် တားဆီးပိတ်ပင်မှု ကြံစည်ချက်သည် ဆုံးရှုံးမည်မှာ သေချာပါသည်။