Pelosi တရုတ်ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခြင်းမှာ ဟာသဇာတ်ပင် ဖြစ်ပြီး၊ တရုတ်နိုင်ငံကို ကျူးကျော်ထိပါးသူများကို အရေးယူလိမ့်မည် ဟု ဝမ်ယိဆို

(GMT+08:00)2022-08-03 16:20:03  

ဒေသစံတော်ချိန် သြဂုတ်လ ၃ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Patricia Pelosiသည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ် ခြင်းမှာ ဟာသဇာတ်ပင်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ဒီမိုကရေစီကို အကြောင်းပြပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ထိပါးသော လုပ်ရပ်ကို ဆောင်ရွက် နေကြောင်း၊ ထိုင်ဝမ် Tsai Ing-wen စသည့် နိုင်ငံရေးသမားများမှ အမေရိကန်နိုင်ငံကို မှီခိုအားထားပြီး အမျိုးသားတရားမျှတမှုကို သစ္စာဖောက်သောလုပ်ရပ်မှာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး ဟူသော နိုင်ငံတကာသဘောတူညီမှုကို ပြောင်းလဲစေမည် မဟုတ်ကြောင်း၊ ထိုင်ဝမ်ဒေသမှ အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ရောက်ရှိလိမ့်မည် ဟူသော သမိုင်းရေစီးကြောင်းကိုလည်း ပြောင်းလဲစေမည် မဟုတ်ကြောင်း၊ မီးကစားသူသည် မရှုမလှ ဇာတ်သိမ်းသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံကို ကျူးကျော်ထိပါးသူများကို အရေးယူလိမ့်မည် ဖြစ်ကြောင်း ပြောကြားပါသည်။