တရုတ် "Haixun 06" သင်္ဘောသည် ဖူကျန့် တောင်ပိုင်း ပင်လယ်တွင် ကင်းလှည့် စောင့်ကြပ်

(GMT+08:00)2022-08-03 11:49:34  

ဩဂုတ်လ ၂ ရက်နေ့တွင် ထိုင်ဝမ်ရေလက်ကြားရှိ ပထမဆုံး အကြီးစား ကင်းလှည့် စောင့်ကြပ် ကယ်ဆယ်ရေးသင်္ဘော "Haixun 06" သည် အခြား ပင်လယ်ကင်းလှည့်သင်္ဘောများနှင့် အတူ ဖူကျန့်ပြည်နယ် တောင်ပိုင်း ပင်လယ်သို့ ရောက်ရှိပြီး ထိုင်ဝမ် ရေတိမ်သောင်ပြင်နှင့် သင်္ဘောသွားလာမှုများသောနေရာ အပါအဝင် ပင်လယ်ဒေသများတွင် ကင်းလှည့် စောင့်ကြပ်ရေးကို ပြုလုပ်ခဲ့ကြောင်း၊ လာမည့်ရက်များတွင် "Haixun 06" သည် ဖူကျန့် တောင်ပိုင်း ပင်လယ်တွင် ကင်းလှည့်  စောင့်ကြပ်ရေးများကို ဆက်တိုက် ပြုလုပ်မည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။