အရှေ့စစ်နယ်သည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် ပူးတွဲစစ်ရေးဆောင်ရွက်မှုများ ဆက်တိုက်ပြုလုပ်မည်

(GMT+08:00)2022-08-03 11:35:28  

    အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ အထက်တန်း ဗိုလ်မှူးကြီး ရှီးယိက သြဂုတ်လ ၂ ရက်နေ့ညမှစ၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့စစ်နယ်သည် ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက်ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုင်ဝမ် ကျွန်း မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ပင်လယ်ပြင်နှင့် ကောင်းကင်ယံတွင် ရေတပ်နှင့်လေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားတွင် တာဝေးပစ် ကျည်ဆန်အစစ်နှင့် ပစ်ခတ်မှု ပြုလုပ်ပြီး ထိုင်ဝမ်ကျွန်းအရှေ့ ပင်လယ်ရပ်ဝန်းတွင် သမားရိုးကျ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။