အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi သည် ထိုင်ဝမ်သို့ သွားရောက် လည်ပတ် ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ သံအမတ်ကြီး ချင်ကမ်း က အမေရိကန်ကို တည်ကြည် လေးနက်စွာ အရေးဆိုပြီး ပြင်းထန်စွာ ကန့်ကွက်

(GMT+08:00)2022-08-03 11:50:40  

အမေရိကန်ဒေသ စံတော်ချိန် သြဂုတ်လ ၂ရက်နေ့ ညနေပိုင်းတွင် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချင်ကမ်း သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi ၏ ထိုင်ဝမ်သို့ သွားရောက်လည်ပတ်မှုနှင့်ပတ်သက်၍ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ တည်ကြည်လေးနက်စွာ အရေးဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပါသည်။

ချင်ကမ်း က ယင်းသည် ထိုင်ဝမ်အရေးအပေါ် အမေရိကန်က အနုတ်လက္ခဏာဆောင်မှု ပြင်းထန်လာခြင်းဖြစ်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ ရပ်ကို ပြင်းထန်စွာ ချိုးဖောက်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ပြင်းထန်စွာ ထိခိုက်ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ကျူးလွန်ပြီး ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြင်းထန်စွာ ဖျက်ဆီး၍ ထိုင်ဝမ် သီးခြားတည်ရှိရေး သွေးခွဲရေးအင်အားစုများကို အလွန် မှားယွင်းသောအချက်ပြလိုက်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို ပြင်းပြင်းထန်ထန် အပြစ်တင်ရှုတ်ချပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသည်။