Pelosi ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းနှင့်ပတ်သက်၍ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ကြေညာချက် ထုတ်ပြန်

(GMT+08:00)2022-08-03 16:34:19  

သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosi မှ တရုတ်နိုင်ငံ၏ ပြင်းထန်သော ဆန့်ကျင်မှုနှင့် တည်ကြည်လေးနက်သော အရေးဆိုမှုကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းမှာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒနှင့် တရုတ်-အမေရိကန်ပူးတွဲပြန်တမ်း၃ရပ်၏ သက်ဆိုင်ရာသတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ပြင်းထန်စွာ ထိခိုက်စေပါသည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ထိခိုက်စေပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြင်းထန်စွာ ထိခိုက်စေကာ ထိုင်ဝမ် ခွဲထွက်ရေးအင်အားသို့ အလွန် မှားယွင်းသော အချက်ကို ပြလိုက်ပါသည်။ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီသည် ယင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းထန်စွာ အပြစ်တင်ရှုတ်ချခဲ့ပါသည်။

ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေတွင် ခွဲ၍မရသော အစိတ်အပိုင်းဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးကို ကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်ပါသည်။

ထိုင်ဝမ်ရေးရာသည် တရုတ်ပြည်တွင်းရေးရာပင် ဖြစ်ပါသည်။ ထိုင်ဝမ်ရေးရာများသည် တရုတ်-အမေရိကန် ဆက်ဆံမှုအတွက် အရေးကြီးဆုံးသောကိစ္စရပ်ဖြစ်သလို နှစ်ဖက်တို့က ဆင်ခြင်ပြီး ချင့်ချင့်ချိန်ချိန် ကိုင်တွယ်ဖြေရှင်းရသော ကိစ္စပင်ဖြစ်ပါသည်။ အမေရိကန်က ကတိပြုချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ပြီး ထိုင်ဝမ်ဒေသနှင့် အစိုးရချင်း ကူးလူးဆက်ဆံမှုမှန်သမျှနှင့် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများကို အဆုံးသတ်ကာ ထိုင်ဝမ် သီးခြားတည်ရှိရေးအင်အားစုများအား မှားယွင်းသော အချက် မပြရန်နှင့် အန္တရာယ်ဖြစ်စေသော လမ်းကြောင်းပေါ် ဆက်လက် မလျှောက်လှမ်း သွားရန် တရုတ်ပြည်က တိုက်တွန်းပါသည်။