တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်သီးခြားတည်ရှိရေး စွဲစွဲမြဲမြဲ လုပ်ဆောင်သူများကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရေး အကြောင်း ပြောကြား

(GMT+08:00)2022-08-03 13:01:29  

သြဂုတ်လ ၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူသည် ထိုင်ဝမ်သီးခြားတည်ရှိရေး စွဲစွဲမြဲမြဲ လုပ်ဆောင်သူများကို ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရေး အကြောင်းကို ပြောကြားခဲ့ပါသည်။

 အနည်းစုသော ထိုင်ဝမ်သီးခြားတည်ရှိရေးကို စွဲစွဲမြဲမြဲ လုပ်ဆောင်သူများသည် ထိုင်ဝမ်သီးခြားတည်ရှိရေး သွေးခွဲရေးလှုပ်ရှားမှုများကို အရမ်းကာရော လုပ်ဆောင်နေပြီး နိုင်ငံခြားမှ တရုတ်ဆန့်ကျင်ရေးအင်အားစုများ၏ လက်ပါးစေအဖြစ် လုပ်ဆောင်၍၊ “တရုတ်ပြည် နှစ်ပြည်”၊ “တရုတ်ပြည် တစ်ပြည် ထိုင်ဝမ် တစ်ခု”၊ ”ထိုင်ဝမ် သီးခြားတည်ရှိရေး”တို့ကို ပြုလုပ် နေခဲ့ကြောင်း၊ ၄င်းတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြောင်ပြောင်တင်းတင်း ရန်စပြီး နိုင်ငံတော် ဥပဒေကို ပြောင်ပြောင်တင်းတင်း ရန်စကာ ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းမှုကို ပြင်းထန်စွာ ထိခိုက်၍ ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖေါ်များ၏ ဘုံအကျိုးစီးပွားနှင့် တရုတ်အမျိုးသား၏ အရင်းခံအကျိုးစီးပွားများကို ပြင်းထန်စွာ ထိခိုက်သဖြင့် ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေး အရေးယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။