မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နွယ်ဖွားများက Nancy Pelosi ရုတ်တရက်ထိုင်ဝမ်သို့သွားရောက်ခြင်းအား တစ်ပြေးညီရှုတ်ချ

(GMT+08:00)2022-08-03 23:41:16  

သြဂုတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးသည် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နွယ်ဖွားများနှင့်အတူ “အမေရိကန်၏ရန်စမှုအား ပြင်းပြင်းထန်ထန်ကန့်ကွက်၍ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒအား ပြတ်ပြတ်သားသားကာကွယ်ခြင်း” ဆွေးနွေးပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအသီးသီးမှ တရုတ်နွယ်ဖွားအဖွဲ့အစည်းများ၊ တရုတ်ဘာသာ စာသင်ကျောင်းများနှင့် မြန်မာနိုင်ငံသို့စစ်ကူလာရောက်သော တရုတ်အဝေးရောက်တပ်များ၏ မျိုးဆက်ကိုယ်စားလှယ်တို့က Nancy Pelosi ရုတ်တရက်ထိုင်ဝမ်သို့သွားရောက်ခြင်းအား တစ်ပြေးညီရှုတ်ချခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်နွယ်ဖွားက အမေရိကန်၏ ယခုလုပ်ရပ်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ရပ်၏ သတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်နေကြောင်း၊ ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းရေးကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ကျူးကျော်ထိပါးနေကြောင်း၊ ထိုင်ဝမ် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်က “ထိုင်ဝမ်လွတ်လပ်ရေး” ဟူသည့် မှားယွင်းသောသဘောထားအား ခေါင်းမာစွာ စွဲကိုင်ထားခြင်းသည် များပြားလှသည့် ထိုင်ဝမ်ညီအစ်ကိုမောင်နှမတို့အတွက် ဆိုးရွားသည့်ဒုက္ခများသာ သယ်ဆောင်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားတစ်ရပ်လုံးက အမေရိကန်နှင့် ထိုင်ဝမ် ချိတ်ဆက်ဆောင်ရွက်သည့် အရှက်ကင်းမဲ့သောလုပ်ရပ်အား ပြတ်သားစွာကန့်ကွက်၍ ပြင်းထန်စွာရှုတ်ချကြောင်း ပြောကြားခဲ့သည်။

တရုတ်နွယ်ဖွားများက ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာရှိကြောင်း၊ ထိုင်ဝမ်ပြည်နယ်ကို တရုတ်ပြည်သူများ ပိုင်ဆိုင်ကြောင်း၊ တစ်ကမ္ဘာလုံးရှိ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြောင်း၊ အမိနိုင်ငံလုံးဝပေါင်းစည်းမှုဖော်ဆောင်ခြင်းသည် ပြည်တွင်းပြည်ပ တရုတ်လူမျိုးတစ်ရပ်လုံး၏ ဘုံဆန္ဒဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများက တရုတ်နိုင်ငံအစိုးရ၏ Nancy Pelosi ထိုင်ဝမ်သို့ ရုတ်တရက်သွားရောက်ခြင်းအပေါ် တုံ့ပြန်မှုနှင့် တန်ပြန်အရေးယူသည့်အစီအမံများကို ခိုင်မာစွာထောက်ခံကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများသည် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်နိုင်သည့် အင်အားကြီးမားသောစွမ်းရည် ရှိသည်ဟု ယုံကြည်ကြောင်း၊ ဇာတိမြေနိုင်ငံသည် ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းအား ဆောလျင်စွာ ဆောင်ရွက်ပြီးစီးနိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်နွယ်ဖွားများက အမိနိုင်ငံလုံးဝပေါင်းစည်းရေး၊ ကြီးမြတ်သည့် အမျိုးသားပြန်လည်နိုးထရေးတို့အတွက် အကျိုးထမ်းဆောင်ရန် အချိန်မရွေး ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။