တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူးချမ်းမှ Pelosi ထိုင်ဝမ်သို့ ခရီးလှည့်လည်ခြင်းနှင့်ပတ်သက်၍ အပြောအဆိုထုတ်ပြန်

(GMT+08:00)2022-08-03 11:22:45  

သြဂုတ်လ ၂ရက်နေ့က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi၏ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်ခြင်းအပေါ် တရုတ်ဖက်သည် ပြင်းထန်စွာ အပြစ်တင်ရှုတ်ချပြီး ပြတ်သားစွာကန့်ကွက်ပါသည်။ တရုတ်ဖက်အနေနှင့် ထိုင်ဝမ်သို့ ခရီးလှည့်လည်ခြင်းဆိုင်ရာ ဆိုးကျိုးကို ကြိမ်ဖန်များစွာရှင်းလင်းဖော်ပြခဲ့သော်လည်း Pelosi သည် သိရက်သားနှင့် တမင်သက်သက်ဆောင်ရွက်ပြီး မလိုမုန်းထားစိတ်ဖြင့် ရန်စကာ အကျပ်အတည်းကို ဖန်တီး၍ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်(၃)ရပ်ကို ပြင်းထန်ဆိုးဝါးစွာဖောက်ဖျက်ခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ပြင်းထန်ဆိုးဝါးစွာ ထိခိုက်ကာ တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်နိုင်ငံ တပ်မတော်အကြားဆက်ဆံရေးကို ပြင်းထန်ဆိုးဝါးစွာ တိုက်ခိုက်စေပါသည်။ အမေရိကန်ဖက်၏ ယင်းလုပ်ရပ်သည် “ထိုင်ဝမ်သီးခြားတည်ရှိရေး” အင်အားစုများအား အလွန်မှားယွင်းသောအချက်ကို ပြလိုက်ပြီး ထိုင်ဝမ် ရေလက်ကြား အခြေအနေတင်းမာမှုကို တစ်ဆင့်တိုး အရှိန်မြှင့်လာ ပါသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်သည် အစောင့်အကြပ်အကာအကွယ် ချထားပြီး တုံ့ပြန်သည့် အနေဖြင့် ရည်ရွယ်ချက်ရှိသော စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်မည်ဖြစ်ကာ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည်စုံမှုကို ပြတ်သားစွာ ထိန်းသိမ်းစောင့်ရှောက်၍ ပြင်ပအင်အားစုများမှ ဝင်ရောက်စွက်ဖက်မှုနှင့် “ထိုင်ဝမ်သီးခြားတည်ရှိရေး”အင်အားစုများ၏ လုပ်ကြံချက်များကို ပြတ်သားစွာ ရှုံးနိမ့်စေပါမည်။