မြန်မာနိုင်ငံရှိ ကုန်သည်ကြီးများအသင်းအဖွဲ့များ ပူးတွဲကြေညာချက် ထုတ်ပြန်၍ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းအား ပြင်းထန်စွာ ရှုတ်ချ

(GMT+08:00)2022-08-03 23:40:56  

မြန်မာနိုင်ငံအခြေစိုက် တရုတ်ကုန်သည်ကြီးများအသင်းအဖွဲ့များသည် အမေရိကန်နိုင်ငံ၏ ကြီးစိုးရေးဝါဒလုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး အမိနိုင်ငံ၏ ပေါင်းစည်းရေးနှင့် ပြည့်စုံမှုကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ပါသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosiက တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကို ဂရုမပြုဘဲ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ပြင်းထန်စွာ ကျူးကျော်ထိပါးခြင်းဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်အေးချမ်းရေးကို ပြင်းထန်စွာ ဖျက်ဆီးခြင်း ဖြစ်သည်။ ယင်းအပြုအမူသည် တရုတ်နိုင်ငံကို ရန်စခြင်းဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ချိုးဖောက်ကာ နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် လက်ကိုင်စွဲထားသော တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒ (one-China principle) ချိုးဖောက်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေခြင်း ဖြစ်သည်။

မိမိတို့သည် တရုတ်နိုင်ငံအစိုးရ၏ တန်ပြန်ဆောင်ရွက်မှုအစီအမံအားလုံးကို အခိုင်အမာ ထောက်ခံပြီး နောက်ဆက်တွဲ အကျိုးဆက်အားလုံးကို အမေရိကန်နှင့် “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများက တာဝန်ယူရမည် ဖြစ်သည်။ ပြည်သူ့ဆန္ဒကို ချိုးဖောက်၍မရပါ။ အမိနိုင်ငံသည် သေချာပေါက် ပေါင်းစည်းရပါမည်။ တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများ၏ အမိနိုင်ငံပေါင်းစည်းရေး သံန္နိဋ္ဌာန်သည် ကျောက်သားကဲ့သို့ ခိုင်မာပါသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံရှိ ကုန်သည်ကြီးများအသင်းအဖွဲ့အသီးသီးသည် အမေရိကန်၏ ကြီးစိုးရေးဝါဒ ရန်စမှုလုပ်ရပ်များကို ရှုတ်ချဆန့်ကျင်ပြီး တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများ၏ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းစောင့်ရှောက်ရေး ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ထောက်ခံပါသည်။ တရုတ်နိုင်ငံ ဆောလျင်စွာ ပေါင်းစည်းရေးကို ထောက်ခံအားပေးကာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို စွဲကိုင်ပြီး တစ်ကမ္ဘာလုံးနှင့် မြန်မာ့လူ့အဖွဲ့အစည်း၊ မိတ်ဆွေများထံသို့ တရားမျှတမှုအတွက် ပြင်းပြသည့်ဆန္ဒများကို ဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံ ကွမ်ရှီးကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံ ကျဲ့ကျန်းကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံ ဖူကျန့်ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံ လျောင်နင်ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံ စီချွမ်၊ ချုံချင့်ကုန်သည်ကြီးများအသင်းချုပ် တို့မှ ၂၀၂၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။