Pelosiက ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံခြား အစိုးရများမှ ကြေညာချက် ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချ

(GMT+08:00)2022-08-03 16:21:26  

 သြဂုတ်လ ၂ရက်နေ့က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi သည် တရုတ် နိုင်ငံ၏ ပြင်းထန်သောဆန့်ကျင်မှုနှင့် တည်ကြည်လေးနက်သော အရေးဆိုမှုကို လျစ်လျူရှု ပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခဲ့သည်။ နိုင်ငံခြားအစိုးရများသည် ကြေညာချက်ထုတ်ပြန်ပြီး ယင်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချသည့် အပြင် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူဝါဒကို ထောက်ခံကြောင်း ထပ်လောင်း ဖော်ပြကြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒေသစံတော်ချိန် ယခုလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး၊ ထိုင်ဝမ်ရေးရာများသည် တရုတ်ပြည်တွင်းရေးကိစ္စသက်သက် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်ပြည်တွင်းရေးတွင် အမေရိကန်မှ ဝင်ရောက် စွက်ဖက်ခြင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကလည်း ရှုတ်ချခဲ့သည်။