အရှေ့စစ်နယ် တပ်ဖွဲ့များသည် ထိုင်ဝမ်အနီးရှိ ပင်လယ်နှင့် လေပိုင်နက်တွင် တကယ့် တိုက်ပွဲဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2022-08-03 16:33:06  

    သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အရှေ့စစ်နယ်တပ်ဖွဲ့များသည် ထိုင်ဝမ်အနီးရှိ ပင်လယ်နှင့် လေပိုင်နက်တွင် တကယ့် တိုက်ပွဲဝင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။ အရှေ့စစ်နယ် လေတပ်သည် ကြိုတင်သတိပေးလေယာဉ်များ၊ တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ အပါအဝင် အဆင့်မြင့် တိုက်လေယာဉ်အမျိုးမျိုးကို စေလွှတ်ပြီး လေပိုင်နက် အများအပြားတွင် မစ်ရှင်များ ဆောင်ရွက်ခဲ့ပါသည်။ အရှေ့စစ်နယ် ရေတပ်သည် ထိုင်ဝမ်ကျွန်းအနီးရှိ ပင်လယ်ရပ်ဝန်းဒေသများတွင် ပူးတွဲ ထိန်းချုပ်ရေးလေ့ကျင့်မှုနှင့် ကုန်းမှ ရေကြောင်းကို တိုက်ခိုက်ရေး ပူးတွဲ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပါသည်။