၅၅ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူက ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို စွဲကိုင်ကြောင်း ဆို

(GMT+08:00)2022-08-03 11:47:33  

၅၅ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူ၊ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန တိုင်းရေးပြည်ရာ အတွင်းရေးမှူး ဂေါင်ပိုက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို စွဲကိုင်ကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် တိုင်ပင် ချမှတ်ထားသော အဓိကကျသည့် စာတမ်းများ အပါအဝင် အခြေခံမူများကို စွဲကိုင်ရန် မျှော်လင့်ကြောင်း၊ မိမိတို့သည် ထိုင်ဝမ်မှာ ဆက်တိုက် တင်းမာနေသော အခြေအနေ အပေါ် စိုးရိမ်ပူပန်နေကြောင်း ပြောကြားပါသည်။