Pelosi ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းနှင့်ပတ်သက်၍ မြန်မာပြည်ရောက် တရုတ်အနွယ်ဖွားများက ကြေညာချက် ထုတ်ပြန်

(GMT+08:00)2022-08-03 21:29:15  

သြဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosi မှ တရုတ်နိုင်ငံ၏ ပြင်းထန်သော ဆန့်ကျင်မှုနှင့် တည်ကြည်လေးနက်သော အရေးဆိုမှုကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်လည်ပတ်ခြင်းမှာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒနှင့် တရုတ်-အမေရိကန်ပူးတွဲပြန်တမ်း၃ရပ်၏ သက်ဆိုင်ရာသတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ပြည့်စုံမှုကို ပြင်းထန်စွာ ကျူးကျော်ထိပါးကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြင်းထန်စွာ ထိခိုက်စေကာ ထိုင်ဝမ် ခွဲထွက်ရေးအင်အားသို့ အလွန် မှားယွင်းသော အချက်ကို ပြလိုက်ပါသည်။ ယင်းသည် ပြည်တွင်းပြည်ပရှိ တရုတ်ပြည်သူများနှင့် တရုတ်အနွယ်ဖွားများ၏ ချစ်သံယောဇဉ်ကို ပြင်းထန်စွာ ထိခိုက်ပါသည်။ မြန်မာပြည်ရောက် တရုတ်အနွယ်ဖွားများသည် ယင်းကို ပြင်းထန်စွာ အမျက်ဒေါသထွက်ပြီး အပြစ်တင်ရှုတ်ချပါသည်။