အမေရိကန်ဘက်သည် ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်း၏ဆိုးကျိုး မှန်သမျှ အပေါ် တာဝန်ယူရမည်မှာ မုချမလွဲဖြစ်

(GMT+08:00)2022-08-03 16:31:25  

တရုတ်ဘက်မှ ပြတ်သားသော ဆန့်ကျင်မှုနှင့် တည်ကြည်လေးနက်သော အရေးဆို ကန့်ကွက်မှုကို မငဲ့ကွက်ဘဲ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosiသည် ယခုလ ၂ရက်နေ့က တရုတ်ပြည် ထိုင်ဝမ်ဒေသသို့ ခရီးလှည့်လည်သည်။ ယင်းသည် အမေရိကန်-ထိုင်ဝမ် အစိုးရချင်း ကူးလူးဆက်ဆံမှုကို တိုးမြှင့်ခြင်း လုပ်ရပ် ဖြစ်၍ ကြီးမားသော နိုင်ငံရေး ရန်စမှု ဖြစ်ကာ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ရပ်ကို ဆိုးရွားစွာ ဖောက်ဖျက်ခြင်း ဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံ အုတ်မြစ်ကို ဆိုးရွားစွာ ထိခိုက်စေကာ တရုတ် နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ဆိုးရွားစွာ ကျူးကျော်ထိပါးသည်။ ယင်းသည်အလွန် ဆိုးယုတ်သည့် ကိစ္စ ဖြစ်ပြီး အလွန် ဆိုးရွားသည့် ဆိုးကျိုး ဖြစ်စေသည်။ ယင်းသည် အမေရိကန်ဘက်မှ ထိုင်ဝမ် သီးခြား လွတ်လပ်ရေး အင်အားစုကို အားပေးထောက်ခံသည့် နိုင်ငံရေး သမား အချို့က ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးကို အကြီးဆုံး ဖျက်ဆီးသူ ဖြစ်ခြင်းကို ပြဆိုနေသည်။ တရုတ်ပြည်သည် နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် အတွက် ဆောင်ရွက်ချက် မှန်သမျှကို အသုံးပြုလိမ့်မည် ဖြစ်သည်။

ထိုင်ဝမ် ပြဿနာသည် တရုတ်ပြည်၏ အမြုတေ အကျိုးစီးပွားနှင့် သက်ဆိုင်သည်။ ၁၉၄၃ခုနှစ် “ကိုင်ရိုကြေညာချက်”နှင့် ၁၉၄၅ခုနှစ်“Potsdamကြေညာချက်”တွင် တရုတ်ပြည်မှ ထိုင်ဝမ် အပေါ် ပိုင်နက်နယ်မြေ အာဏာပိုင်မှုကို ပိုင်ဆိုင်ထားခြင်း အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် မည်သည့် အငြင်းပွားမှုမှ မရှိကြောင်း ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြသည်။ ကမ္ဘာပေါ်၌ တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်ပြည်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်သည်ဟု အမေရိကန်က အသိအမှတ်ပြုကြောင်း တရုတ်-အမေရိကန် သံတမန် ဆက်ဆံရေး ထားရှိခြင်း ဆိုင်ရာ ပူးတွဲပြန်တမ်း ၃ရပ်တွင် ရှင်းလင်းပြတ်သားစွာ သတ်မှတ်ထားသည်။

Pelosiသည် အမေရိကန် အစိုးရ၏ တတိယ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်၍ ယင်းအချက်ကို သိရှိပြီး ဖြစ်သည်။ သို့သော် ၄င်းသည် အရဲစွန့်ပြီး ထိုင်ဝမ်သို့ ခရီးလှည့်လည်သည်။ ယင်းသည် ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာမှု အရှိန်မြင့်လာသည့် အရင်းခံ အကြောင်းရင်းမှာ ထိုင်ဝမ် အာဏာပိုင်၏“အမေရိကန်ကို အားကိုးပြီး ထိုင်ဝမ် သီးခြား လွတ်လပ်ရေးကို ထပ်ခါတလဲလဲ ရှာကြံရေး”နှင့် အမေရိကန် လူအချို့၏ “ထိုင်ဝမ်ဖြင့် တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရေး” ပြုလုပ်ခြင်းကြောင့် ဖြစ်သည်ကို ကမ္ဘာအား ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာစေသည်။

Pelosi ၏ နိုင်ငံရေး အရဲစွန့်မှု လုပ်ရပ်သည် ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာမှုကို တစ်ဆင့်တိုး အရှိန်မြှင့်လာပြီး အာရှနှင့် ပစိဖိတ်ဒေသ၏ အေးချမ်းတည်ငြိမ်ရေးကို ထိခိုက်စေသည်။ ယင်းသည် နိုင်ငံတကာတွင် အမေရိကန်၏ ဂုဏ်သိက္ခာကို တစ်ဆင့်တိုး ပျက်ပြားစေပြီး အမေရိကန် ပုံစံ ဗိုလ်ကျစိုးမိုးရေး အာဏာကို အရှိန်မြှင့် ဆုတ်ယုတ်စေမည်သာ ဖြစ်သည်။

Pelosi၏ ယခုအကြိမ် ခရီးလှည့်လည်ခြင်းသည် တရုတ်ပြည်က ထိုင်ဝမ်ကို ပိုင်ဆိုင်ထားသည့် သမိုင်းနှင့် ဥပဒေ သဘောတရားဆိုင်ရာ အဖြစ်မှန်ကို မပြောင်းလဲနိုင်သလို တရုတ်ပြည်၏ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး အကောင်အထည် ဖော်ဆောင်ခြင်း ခေတ်ရေစီးကြောင်းကို မတားမြစ်နိုင်ပေ။ မည်သည့် အင်အားစုမဆို၊ မည်သူမဆို ထိုင်ဝမ် ပြဿနာ အပေါ် မီးကစားလျှင် မီးကစားသူ မီးဝါးခံရလိမ့်မည်ဖြစ်သည်။