တရုတ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ သြဂုတ်လ အလှည့်ကျသဘာပတိနိုင်ငံဖြစ်လာ

(GMT+08:00)2022-08-02 19:39:48  

သြဂုတ်လ ၁ရက်နေ့မှစ၍ တရုတ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ သြဂုတ်လ အလှည့်ကျ သဘာပတိနိုင်ငံ ဖြစ်လာကြောင်း၊ ၁ရက်နေ့ နံနက်ပိုင်းက ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ကျန်းကျွင်းသည် လုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို ကြီးမှူးကျင်းပပြီး လုံခြုံရေးကောင်စီ၏ ယခုလ လုပ်ငန်းအစီအစဉ်ကို အတည်ပြုကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

အစီအစဉ်အရ သြဂုတ်လတွင် လုံခြုံရေးကောင်စီသည် ယီမင်၊ ဆီးရီးယား၊ လစ်ဗျား၊ အရှေ့အလယ်ပိုင်း ပါလက်စတိုင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စသောရေးရာများကို သုံးသပ်စိစစ်မည်ဖြစ်ကြောင်း၊ တရုတ်၏ အဆိုပြုချက်အရ လုံခြုံရေးကောင်စီသည် “ဘုံလုံခြုံရေးကာကွယ်ခြင်း” နှင့် “အာဖရိကနိုင်ငံများ စွမ်းရည်မြှင့်တင်ခြင်း တွန်းအားပေးရေး”နှင့် ပတ်သက်၍ အစည်းအဝေးနှစ်ခု ကျင်းပမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။