အာဖဂန်မြို့တော်တွင် ကန်က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းကို အာဖဂန်ပြစ်တင်ရှုတ်ချ

(GMT+08:00)2022-08-02 19:38:32  

    ဇူလိုင်လ ၃၁ရက်နေ့က အမေရိကန် CIAအဖွဲ့သည် အာဖဂန်နိုင်ငံ ကဘူးလ်မြို့တော်၌ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု အမေရိကန်အရာရှိ ၃ဦးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါသည်။ အာဖဂန် ယာယီအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်ဒ်က ယင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါသည်။ ဇူလိုင်လ ၃၁ ရက်နေ့က အမေရိကန်တပ်ဖွဲ့သည် အာဖဂန် ရှိ အရေးကြီးသော အယ်လ်ကိုင်ဒါ ပစ်မှတ်အား အောင်မြင်စွာတိုက်ခိုက်ခဲ့ပြီး မောင်းသူမဲ့လေယာဉ်ဖြင့် အယ်လ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင် အေမန် ဇာဗာဟီလီအား ပစ်သတ်ခဲ့သည်ဟု သက်ဆိုင်ရာသတင်းအရ သိရပါသည်။