အာဖဂန် အယ်လ်ကေဒါ ခေါင်းဆောင် အယ်လ်ဇာဝါဟီရီကို အမေရိကန်က သတ်ဖြတ်ခဲ့သည်ဟု ဘိုင်ဒန် ကြေညာ

(GMT+08:00)2022-08-02 19:41:56  

သြဂုတ် ၁ ရက်နေ့က အာဖဂန်နိုင်ငံ ကဘူးလ်တွင် အယ်လ်ကေဒါ စခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် စစ်ဆင်ရေး အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး အယ်လ်ကေဒါ ခေါင်းဆောင် အယ်လ်ဇာဝါဟီရီကို သတ်ဖြတ်ခဲ့ကြောင်း ဘိုင်ဒန်က ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဘင်လာဒင် သေဆုံးပြီးနောက် ၂၀၁၁ခုနှစ် ဇွန်လတွင် အယ်လ်ဇာဝါဟီရီကို အယ်လ်ကေဒါ ခေါင်းဆောင်အဖြစ် တာဝန်ခန့်အပ်ခဲ့သည်ဟု သတင်းအရ သိရပါသည်။