အမေရိကန်တွင် "Bloody Weekend" ထပ်မံပေါ်လာ

(GMT+08:00)2022-08-02 19:32:21  

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နေရာများစွာတွင် သေနတ်သံများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ဇူလိုင်လ၂၉ရက်နေ့ ညနေ ၅ နာရီမှစ၍  နာရီ၆၀အတွင်း Chicago မြို့တွင် သေနတ်ပစ်ခတ်မှု ၃၀ခန့် ဖြစ်ပွားခဲ့ပြီး၊ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဒေသစံတော်ချိန် ဇူလိုင်၃၁ရက် နံနက်လင်းအားကြီးချိန်က Omaha မြို့တွင် သေနတ်ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု China Media Group မှသတင်းအရ သိရသည်။