ထိုင်ဝမ် သီးခြားလွတ်လပ်ရေး အင်အားစုများအား မည်သည့် အခွင့်အလမ်းကိုမျှ မပေး

(GMT+08:00)2022-08-02 19:32:59  

    အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပေလိုစီ၏ ထိုင်ဝမ် ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က အမေရိကန်၏ ရန်စမှု ဆောင်ရွက်ခြင်းကြောင့် ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာမှုကို အရှိန်မြှင့်လာကြောင်း၊ အမေရိကန်သည် ယင်းအပေါ် လုံးဝ တာဝန် ယူရမည် ဖြစ်ကြောင်း၊ ဘလင်ကင်၏ ပြောဆိုချက်သည် အမေရိကန်မှ လူအချို့၏ ဗိုလ်ကျစိုးမိုးမှု အတွေးအခေါ်နှင့် ဓါးပြလောဂျစ်ကို ပြဆိုနေကြောင်း၊ တရုတ်ပြည်သည် ထိုင်ဝမ် သီးခြားလွတ်လပ်ရေးနှင့် ပြင်ပမှ အင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ထိုင်ဝမ် သီးခြားလွတ်လပ်ရေး အင်အားစုများအား မည်သည့် အခွင့်အလမ်းကိုမျှ မပေးကြောင်း ပြောကြားသည်။