တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ် ညီလာခံတွင် ရှီကျင့်ဖိန်၏ မိန့်ခွန်း ထုတ်ပြန်

(GMT+08:00)2022-08-02 19:40:16  

သြဂုတ်လ ၁ ရက်နေ့ထုတ် ချိုရှိ မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အရေးကြီး ဆောင်းပါး ဖြစ်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ် ညီလာခံတွင် မိန့်ခွန်းကို ထုတ်ပြန်ခဲ့ပါသည်။

ယင်းဆောင်းပါးတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ငြိမ်းချမ်းရေး၏ တည်ဆောက်သူ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး၏ အကျိုးပြုစွမ်းဆောင်သူနှင့် နိုင်ငံတကာ အစီအစဉ်ကို ထိန်းသိမ်းကာကွယ်သူ အစဉ်တစိုက် ဖြစ်ပြီး၊ တရုတ်တပ်မတော်သည် နိုင်ငံတကာ ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ခိုင်ခံ့သောအင်အား အစဉ်တစိုက် ဖြစ်ကြောင်း၊ တရုတ် တပ်မတော်သည် ယခင်ကလိုပင် နိုင်ငံတကာ စစ်ရေး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပြုလုပ်မည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းကာ တရုတ်နိုင်ငံ၏ နိုင်ငံတကာ၌နေရာနှင့် လိုက်လျောညီထွေ ဖြစ်သည့် တာဝန်ဝတ္တရားများကို တက်ကြွစွာ ဖေါ်ဆောင်ကာ လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်မှု တွန်းအားပေးရေးအတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။