တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ကြည့်မည် မဟုတ်ဟု အမေရိကန်အား တရုတ် သတိပေး

(GMT+08:00)2022-08-02 19:42:21  

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi ၏ ယခုသီတင်းပတ်အတွင်း အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံခရီးစဉ်တွင် ထိုင်ဝမ် မပါကြောင်းနှင့်ပတ်သက်၍ သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi ၏ ခရီးစဉ်ကို အာရုံစိုက်နေကြောင်း၊  အကယ်၍ သူမသည် ထိုင်ဝမ်သို့ ခရီးလှည့်လည်ပါက တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်မှုဖြစ်လာမည်ဖြစ်၍ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ကြည့်မည် မဟုတ်ဘဲ ပြတ်သားပြီး အားကောင်းသော တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်မည်ဟု အမေရိကန်အား ထပ်မံ သတိပေးလိုကြောင်း သြဂုတ်လ ၁ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းရရှိပါသည်။