၁၉ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဆောင်ပုဒ်ကို အတည်ပြု

(GMT+08:00)2022-08-02 19:37:11  

၁၉ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဆောင်ပုဒ်ကို "RCEP ၏ အခွင့်အလမ်းသစ်များ မျှဝေပြီး တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် 3.0 ပုံစံကို မြှင့်တင်ခြင်း" အဖြစ် အတည်ပြုခဲ့ကြောင်း ယခုလ ၁ ရက်နေ့က တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးမှ သတင်းအရ သိရပါသည်။

ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်3.0 ပုံစံကို အမြန်ဆုံး ဖေါ်ဆောင်ရန်၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် (RCEP) ကို အရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော်ရန် အရေးကြီး သဘောတူညီမှုကို ပြသပြီး၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ အဆင့်မြှင့်တင် ဖွံ့ဖြိုးတိုးတက်ခြင်း၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် 3.0 ပုံစံ ကို ဝန်ဆောင်မှုပေးခြင်းနှင့် RCEP ပူးပေါင်းဆောင်ရွက်မှုကို ဝန်ဆောင်မှု ပေးခြင်း ရည်မှန်းချက်ကို ပေါ်လွင်လာကြောင်း၊ ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသည် ဘက်အသီးသီး အတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးပြီး အဆင့်အတန်း ပိုမိုမြင့်မားသော win-win ပူးပေါင်းဆောင်ရွက်ရေး ဖေါ်ဆောင်ရန် သန္နိဋ္ဌာန်ကို ပြသထားကြောင်း သိရပါသည်။