တရုတ် အဏ္ဏဝါရေးရာ ဌာနများသည် ရေကြောင်းခရီးသွားလာရေး သတိပေးချက်ကို ထုတ်ပြန်

(GMT+08:00)2022-08-02 19:43:00  

    ချင်းလန် အဏ္ဏဝါရေးရာ ဌာနသည် ရေကြောင်းခရီးသွားလာရေး သတိပေးချက်ကို ထုတ်ပြန်ရာ ယခုလ ၂ရက်နေ့ ၀နာရီမှ ၆ရက်နေ့ ည ၁၂နာရီအထိ တောင်တရုတ်ပင်လယ် ပင်လယ်ရပ်ဝန်း အချို့တွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်၍ ခုတ်မောင်းဝင်ရောက်ခွင့် မပြုကြောင်း၊ တာ့လျန် အဏ္ဏဝါရေးရာ ဌာနသည် ရေကြောင်းခရီးသွားလာရေး သတိပေးချက်ကို ထုတ်ပြန်ရာ ယခုလ ၁ရက်နေ့ ညနေ ၂နာရီမှ ၄ရက်နေ့ ည ၁၂နာရီ အထိ ပိုဟိုင်-ပင်လယ် မြောက်ပိုင်း ပင်လယ်ရပ်ဝန်း အချို့တွင် ကျည်ဆန် အစစ်နှင့် ပစ်ခတ်လေ့ကျင့်မှုကို ပြုလုပ်၍ ခုတ်မောင်းဝင်ရောက်ခွင့် မပြုကြောင်း တရုတ် အဏ္ဏဝါရေးရာ ဌာနမှ သတင်းအရ သိရသည်။