ကန် ကန်တာကီပြည်နယ်တွင် ရေဘေးကြောင့် သေဆုံးသူဦးရေ ၃၅ဦး အထိတိုးများလာ

(GMT+08:00)2022-08-02 19:40:46  

အမေရိကန်နိုင်ငံ ကန်တာကီပြည်နယ် အရှေ့ပိုင်းဒေသတွင် လွန်ခဲ့သည့်ရက်များ အတွင်း ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေဘေးဖြစ်ပွားခဲ့ပါသည်။ ကန်တာကီပြည်နယ် ပြည်နယ်မှူး Andrew Graham Beshearက ရေဘေးကြောင့် ကလေးငယ် ၄ယောက် အပါအဝင် သေဆုံးသူဦးရေမှာ ၃၅ဦးအထိ တိုးများလာကြောင်း သြဂုတ်လ ၁ရက်နေ့က ပြောကြားခဲ့ပါသည်။

သြဂုတ်လ ၁ရက်နေ့ နံနက်ပိုင်းအထိ ကန်တာကီပြည်နယ်တွင် မိသားစုနှင့် လုပ်ငန်း ၁၂၅၀၀ တို့သည် လျှပ်စစ်ပြတ်တောက်မှု ခံနေရသေးကြောင်း အမေရိကန် ပြည်လုံးဆိုင်ရာ လျှပ်စစ်ပြတ်တောက်မှုသတင်းဝက်ဘဆိုက်မှ ထုတ်ပြန်သောစာရင်းအရ သိရပါသည်။ ထို့အပြင် ဘေးသင့်ဒေသအချို့တွင် လုယက်မှုဖြစ်ပွားခဲ့သဖြင့် ၄င်းဒေသများတွင် ညမထွက်ရ အမိန့်ကို ဇူလိုင်လ ၃၀ရက်နေ့မှစ၍ ကျင့်သုံးခဲ့ပါသည်။