ပြဿနာများဖန်တီးခြင်းနှင့် အငြင်းပွားမှုများလှုံ့ဆော်ခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက ဂျပန်ကို တိုက်တွန်း

(GMT+08:00)2022-08-02 19:41:21  

ဂျပန် နိုင်ငံခြားရေးဝန်ကြီး၏ မကြာမီက ထုတ်ပြန်သော တရုတ်နိုင်ငံဆိုင်ရာ ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ကိုယ်ကျိုးစီးပွားအတွက် အာရှတွင် ပြဿနာများ ဖန်တီးခြင်းနှင့် အငြင်းပွားမှုများ လှုံ့ဆော်ခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက ဂျပန်ကို တိုက်တွန်းကြောင်း၊ ဂျပန်နိုင်ငံသည် လက်တွေ့ကျ ဆောင်ရွက်မှုများဖြင့် တရုတ်-ဂျပန် ဆက်ဆံရေးကို မှန်ကန်သည့်လမ်းကြောင်းအတိုင်း ပုံမှန်တည်ငြိမ်စွာတိုးတက်ရန် တွန်းအားပေးသင့်ကြောင်း သြဂုတ်လ ၁ရက်နေ့တွင် ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Hayashi Yoshimasa က အမေရိကန် တတ်သိပညာရှင်များအဖွဲ့၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်-ရုရှားဆက်ဆံရေး၊ တောင်ပင်လယ်၊ အရှေ့ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြား အစရှိသည့် ကိစ္စရပ်များအပေါ် စိုးရိမ် ပူပန်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ကျောက်လိကျန်းက ဂျပန်ဘက်သည် ပြောဆိုမှုများကို အကြိမ်ကြိမ် ထုတ်ပြန်ပြီး တရုတ်နိုင်ငံ၏ ပုံမှန် စစ်ရေးနှင့် ပင်လယ်ရေးရာ လှုပ်ရှားမှုများကို မဟုတ်မမှန် ပတ်ခတ်ပြောဆို၍၊ တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဒေသတွင်း ကွဲပြားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို လှုံ့ဆော်ခဲ့ကြောင်း၊ ၄င်းဆောင်ရွက်မှုများသည် အပြုသဘောဆောင်မှု လုံးဝမရှိကြောင်း ပြောကြားခဲ့ပါသည်။