ကန်ဘက်သည် တရုတ်အချုပ်အခြာအာဏာ၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက် သောကြောင့် တာဝန်ယူရမည်ဖြစ်ပြီး ပေးဆပ်ရမည်မှာ သေချာကြောင်း တရုတ် ဆို

(GMT+08:00)2022-08-02 19:36:31  

သြဂုတ်လ ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်ယဉ်က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။

သတင်းထောက်မှ Pelosi ထိုင်ဝမ်သို့ ခရီးလှည့်လည်နိုင်ဖွယ်ရာရှိသည်ဟု မေးမြန်းချက်နှင့်ပတ်သက်၍ ဟွာ့ချွင်ယဉ်က မိမိအနေနှင့် ရှင်တို့ကို ပြောနိုင်သည်မှာ အမေရိကန်ဘက်သည် တရုတ်အချုပ်အခြာအာဏာ၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်သောကြောင့် တာဝန်ယူရမည်ဖြစ်ပြီး ပေးဆပ်ရမည်မှာ သေချာကြောင်း ပြောကြားခဲ့ပါသည်။