ကမ္ဘာမငြိမ်းချမ်း၍ “ငြိမ်းချမ်းရေး စစ်တပ်”ပိုမိုအဖိုးတန်

(GMT+08:00)2022-08-02 19:33:33  

၂၀၂၂ခုနှစ် နှစ်ဆန်းက တောင်ပစိဖိတ် ကျွန်းနိုင်ငံ တွန်ဂါတွင် မီးတောင်ပေါက်ကွဲမှုနှင့် ဆူနာမီ ဖြစ်ပွားခဲ့သည်။ တရုတ် ရေတပ် သင်္ဘောစုသည် ရေမိုင် ၅၂၀၀ကျော်ကို ခုတ်မောင်းဖြတ်ကျော်ပြီး လေကြီးလှိုင်းကြီးနှင့် မီးတောင်ပြာစသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကိုကျော်လွှားကာ တွန်ဂါသို့ ဘေးဒဏ် ကယ်ဆယ်ရေး ပစ္စည်းများကို ပို့ဆောင်ပေးခဲ့သည်။ တွန်ဂါ ဝန်ကြီးချုပ် Siaosi Sovaleniက တရုတ်ပြည်မှ ကူညီထောက်ပံ့မှုသည် အလောသုံးဆယ်ဖြစ်မှုကို ဖြေရှင်းပေးပြီး ဘေးဒဏ်အပြီးတွင် ပြန်လည်ထူထောင်ရေး အတွက် အထောက်အကူ ဖြစ်ကြောင်း ပြောကြားသည်။ ယင်းသည် တရုတ် စစ်တပ်မှ ကမ္ဘာအား တင်ပြသည့် ငြိမ်းချမ်းရေး ဖြေလွှာများတွင် တစ်ခု အပါအဝင် ဖြစ်သည်။

ယခုနှစ် သြဂုတ်လ ၁ရက်နေ့သည် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခဲ့သည့် ၉၅နှစ် ပြည့်မြောက်နှစ်ဖြစ်သည်။ ယင်းတရုတ် တပ်မတော်သည် ငြိမ်းချမ်းရေး ရရှိရန် မလွယ်ကြောင်းကို နက်နက်နဲနဲ သိရှိနားလည်ပြီး ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေးကို လုပ်ငန်းတာဝန် အဖြစ် ထမ်းဆောင်သည်။ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်သည် ကာကွယ်ရေးကို ရည်ရွယ်ထားသည့် နိုင်ငံတော် ကာကွယ်ရေး မူဝါဒကို တစ်လျှောက်လုံး စွဲကိုင်ကျင့်သုံးပြီး မည်သည့် စစ်ပွဲကိုမျှ လှုံ့ဆော်ခြင်း မရှိသလို မည်သည့် နိုင်ငံကိုမျှ ကျူးကျော်မှု မရှိပေ။

လက်ရှိတွင် တရုတ် တပ်မတော်သည် နိုင်ငံတော် အချုပ်အခြာ အာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေးသည့် သံမဏိ တံတိုင်း ဖြစ်သည့် အပြင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ပေးသည့် ကြံ့ခိုင်ပြတ်သားသော အင်အားလည်း ဖြစ်သည်။ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး အတွက် တရုတ်ပြည်သည် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများတွင် တပ်သား အများဆုံး စေလွှတ်ပြီး ငွေရင်းကို ဒုတိယ အများဆုံး ထောက်ပံ့ပေးကာ “ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး အတွက် သော့ချက်ကျ အချက်နှင့် သော့ချက်ကျ အင်အား ဖြစ်သည်”ဟု ချီးကျူးခြင်း ခံရသည်။ တရုတ် တပ်မတော်သည် နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ စောင့်ကြပ်ရေး၊ လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး၊ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု စသည့် အများပြည်သူ့ လုံခြုံရေး ဝန်ဆောင်မှုများကို ဆက်တိုက် ထောက်ပံ့ပေးပြီး လက်တွေ့ ဆောင်ရွက်မှုများဖြင့် လူသား ကံကြမ္မာ အသိုက်အဝန်း ကြံဆချက်ကို ဖွင့်ဆိုနေသည်။

လက်ရှိ ကမ္ဘာသည် မငြိမ်းချမ်းပေ၊ စစ်အေး အတွေးအခေါ်၊ ဗိုလ်ကျစိုးမိုးမှု ဝါဒ၊ ဗိုလ်ကျမှု နိုင်ငံရေးသည် ခေတ်ရေစီးကြောင်းနှင့် ဖီလာဆန့်ကျင်ဖြစ်ပြီး ဦးမော့လာကာ သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှုများသည် ရောယှက်နေသည်။ မရေမရာ ဖြစ်မှုသည် တိမ်မည်းကဲ့သို့ လူများကို လွှမ်းမိုးနေသည်။ မတည်မငြိမ် ဖြစ်နေသည့် ကမ္ဘာကို ရင်ဆိုင်ပြီး တရုတ် တပ်မတော်သည် ကမ္ဘာ့ လုံခြုံရေး အဆိုပြုချက်ကို လက်တွေ့ ဖော်ဆောင်ရန် တွန်းအားပေးကာ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် သေချာမှုကို ဆက်တိုက် ဖော်ဆောင်ပေးနေသည်။