ဝမ်ယိသည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ပြီး ကမ္ဘောဒီးယားသို့ ခရီးလှည့်လည်မည်

(GMT+08:00)2022-08-02 19:34:18  

တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၃ရက်နေ့မှ ၅ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်တွင် ကျင်းပမည့် တရုတ်-အာဆီယံ(10+1) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား(10+3) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံဒေသဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆခွန်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား နိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ကြေညာသည်။