၂၀၂၂ခုနှစ် တရုတ်နိုင်ငံတကာဝန်ဆောင်မှုကုန်စည်ပြပွဲကို သြဂုတ်လကုန်မှ စက်တင်ဘာလဆန်း အထိ ပီကင်းတွင် ကျင်းပမည်

(GMT+08:00)2022-08-02 19:37:36  

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ပီကင်းအစိုးရတို့ အတူဦးစီးကျင်းပသော ၂၀၂၂ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုကုန်စည်ပြပွဲကို သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ပီကင်းမြို့ရှိ နိုင်ငံတော်အစည်းအဝေးစင်တာနှင့် ရှိုကမ်းဇုန်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ဝန်ဆောင်မှုကုန်စည်ပြပွဲကို “အထွေထွေအကြောင်းအရာနှင့် သီးသန့်အခန်းဏ္ဍ” ၊ "အွန်လိုင်း နှင့်အော့ဖ်လိုင်း"ဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ် တရုတ်နိုင်ငံတကာဝန်ဆောင်မှု ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် "ဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေးဖြင့် ဖွံ့ဖြိုးမှုကို မြှင့်တင်ခြင်း၊ အစိမ်းရောင်ဆန်းသစ် တီထွင်ရေးဖြင့် အနာဂတ်ကို ကြိုဆိုခြင်း”ဖြစ်ပြီး ဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၊ ဖိုရမ်အစည်းအဝေးများ၊ မိတ်ဆက်ဖြန့်ချိပွဲများ၊ အောင်မြင်မှု ထုတ်ပြန်ကြေညာပွဲများနှင့် သက်ဆိုင်ရာ အစီအစဉ် ၆ မျိုးကို ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။