ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေနက် အရိုးငါးကို ဂျပန်နိုင်ငံ တွေ့ရှိ

(GMT+08:00)2022-08-01 17:20:27  

ဂျပန်သုတေသီများက ၄င်းတို့သည် Shizuoka မြို့ ဆူရူဂါ ပင်လယ်အော်၏ ၂ ကီလိုမီတာ အနက်ရှိ ရေအောက်တွင် ၂.၅ မီတာရှည်သော ယိုကိုဇူနာငါးကို ဓါတ်ပုံ ရိုက်မိခဲ့ပြီး ၎င်းသည် လက်ရှိအချိန်တွင် သိရှိသည့် ကမ္ဘာ့ အကြီးဆုံး ပင်လယ်ရေနက် အရိုးငါးကြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံမီဒီယာများမှ ဇူလိုင်လ ၃၀ရက်နေ့က ထုတ်ပြန်သည့်သတင်းအရ သိရပါသည်။

အဆိုပါ ငါးကို ယခုအချိန်အထိ ဆူရူဂါ ပင်လယ်အော်တွင်သာ တွေ့ရှိခဲ့ပြီး အစားအစာ ကွင်းဆက်၏ ထိပ်တန်းနေရာမှာ တည်ရှိသည့် မျိုးစိတ်ဖြစ်ကြောင်း၊ ဤကဲ့သို့ မျိုးစိတ်သည် ဒေသတွင်း အစားအစာ ကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေပြီး ဂေဟစနစ် တစ်ခုလုံးကို ပျက်စီးစေနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။