(The CHIPS and Science Act)ဥပဒေကြမ်း ကန် လွှတ်တော်မှ အတည်ပြုလိုက်ခြင်းဆိုင်ရာ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2022-08-01 17:14:00  

မကြာခင်က အမေရိကန် လွှတ်တော်သည် (The CHIPS and Science Act)ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းသည် ချစ်ပ်ပြားနယ်ပယ်၌ အမေရိကန်၏အားသာချက်ကို မြှင့်တင်ရန်နှင့် တရုတ်နှင့်ယှဉ်ပြိုင်ရန် ရည်ရွယ် ထားကြောင်း သက်ဆိုင်ရာမှ ဝေဖန်သုံးသပ်ခဲ့သည်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက(The CHIPS and Science Act)ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်အချို့သည် တရုတ်ပြည်ရှိ သက်ဆိုင်ရာကုမ္ပဏီများ၏ ပုံမှန်စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးလှုပ်ရှားမှုများကို ကန့်သတ်ထားသဖြင့်၊ ကမ္ဘာ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့မှုကွင်းဆက်အား ထိခိုက်စေပြီး နိုင်ငံတကာ ကုန်သွယ်မှုအပေါ် အနှောင့်အယှက်ဖြစ်စေမည် ဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့် အလွန် အရေးထား အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။