ရေတပ်ဗိုလ်ရှုသဘင် ရုရှား ကျင်းပ

(GMT+08:00)2022-08-01 17:14:56  

ဒေသစံတော်ချိန် ဇူလိုင်လ ၃၁ရက်နေ့က ရုရှားရေတပ် ဖွဲ့စည်းတည်ထောင်သည့် ၃၂၆ နှစ်မြောက်ကို အထိမ်းအမှတ်ပြုရန် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ပင်လယ်ပြင် ဗိုလ်ရှုသဘင်ကို ကျင်းပခဲ့ပါသည်။ ရုရှားသမ္မတ ပူတင်သည် ဗိုလ်ရှုသဘင်သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ သမ္မတပူတင်က ရုရှားနိုင်ငံအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ရုရှားနိုင်ငံ၏ ပင်လယ်ပြင် နယ်နိမိတ်မျဉ်းကြောင်းကို ကာကွယ် ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ ရုရှားရေတပ်သည် ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ကျူးကျော်ထိပါးသည့် လုပ်ရပ်မှန်သမျှကို တုံ့ပြန်ရန် အဆင်သင့် ရှိကြောင်း ပြောကြားခဲ့ပါသည်။