ကန် Kentuckyပြည်နယ်၌ ရေဘေးဖြစ်ပွားသောကြောင့် လူ(၂၈)ဦးထက်မနည်းသေဆုံး

(GMT+08:00)2022-08-01 17:19:48  

ဒေသစံတော်ချိန် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့က အမေရိကန်နိုင်ငံ Kentucky ပြည်နယ် အရှေ့ပိုင်းဒေသများစွာ၌ ယခုရက်များတွင် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့သောကြောင့် ရေဘေးဖြစ်ပွားခဲ့ပါသည်။ ရေဘေးကြောင့် သေဆုံးသူဦးရေ (၂၈)ဦး ရှိပြီဖြစ်သည်။ လက်ရှိအချိန်တွင် Kentuckyပြည်နယ်သည် အရေးပေါ်အခြေအနေသို့ ဝင်ရောက်နေပါပြီ။ Kentuckyပြည်နယ်နှင့် နီးစပ်သောWest Virginiaပြည်နယ်နှင့် Virginiaပြည်နယ်မှ အချို့ဒေသများ၌လည်း ရေဘေးနှင့် ရင်ဆိုင်နေရပြီး အချို့ခရိုင် များတွင် အရေးပေါ်အခြေအနေသို့ ဝင်ရောက်ပြီဖြစ်ကြောင်း အမေရိကန်မီဒီယာမှ သတင်းအရ သိရပါသည်။