တရုတ် ဗဟို နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေး လုပ်ငန်း အစည်းအဝေး ကျင်းပ

(GMT+08:00)2022-08-01 12:13:48  

တရုတ် ဗဟို နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေး လုပ်ငန်း အစည်းအဝေးကို ဇူလိုင်လ ၂၉ရက်နေ့မှ ၃၀ရက်နေ့အထိ ပီကင်းတွင် ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ် ကွန်မြူနစ်ပါတီက နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး မူဝါဒကို ရှင်းလင်းပြတ်သားစွာ တင်ပြခဲ့သည့် နှစ်၁၀၀ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ မျိုးချစ် နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ဖွံ့ဖြိုးတိုးတက်မှု၏ မှန်ကန်သော ဦးတည်ချက်ကို စွဲကိုင်ပြီး ခေတ်ကာလသစ်တွင် မျိုးချစ် နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး၏ သမိုင်းပေးတာဝန်ကို တိကျမှန်ကန်စွာ စွဲကိုင်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားသည်။