ယူကရိန်း စစ်သုံ့ပန်းစခန်း တိုက်ခိုက်ခံရခြင်းကို ကုလ စုံစမ်းစစ်ဆေးမည်

(GMT+08:00)2022-08-01 17:16:29  

ဒိုနက်စ် ဒေသရှိ ယူကရိန်း စစ်သုံ့ပန်းစခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်သွားမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဖာလ်ဟန် ဟတ်ခ်က ဇူလိုင်လ ၃၀ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဇူလိုင်လ ၂၉ ရက်နေ့က ယူကရိန်းတပ်ဖွဲ့သည် ဒိုနက်စ် ရီလျန်နိုဗှကာ အနီးရှိ ယူကရိန်း စစ်သုံ့ပန်းများ ထိန်းချုပ်ထားသည့် စခန်းတစ်ခုကို အမေရိကန်ထုတ်လုပ်သည့် “Haimas” ဒုံးကျည်အမြောက်စနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ ယူကရိန်း စစ်သုံ့ပန်း ၅၀ ဦး သေဆုံးသွားကာ ၇၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ထောင်စောင့်ရဲ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုနာရှင်ကိုဗှက ၃၀ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ယူကရိန်းက အထက်ပါ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပါသည်။ ရုရှားတပ်ဖွဲ့၏ တိုက်ခိုက်မှု ကြောင့် ယူကရိန်း စစ်သုံ့ပန်းများ သေဆုံးသွားရခြင်းဖြစ်ပြီး ရုရှားက ယင်းစခန်းတွင် ဖြစ်ပွားလျက်ရှိသော နှိပ်စက်ညှဉ်းပန်းမှုနှင့် သေဒဏ်စီရင်မှုကို ဖုံးကွယ်ထားကာ ယူကရိန်းအား အပြစ်လွှဲချရန် ကြံစည်ထားသည်ဟု ယူကရိန်းက ဖော်ပြပါသည်။ ယင်းအရေးကိစ္စကြောင့် ယူကရိန်း နိုင်ငံခြာရေးဝန်ကြီး ကူလျီယယ်ဘာက ရုရှားကို “အကြမ်းဖက်နိုင်ငံအဖြစ် သတ်မှတ်ပေး”ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား တောင်းဆိုခဲ့ ပါသည်။