ဂူတာရက်စ်က ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ၏ သေနတ် ပစ်ခတ်မှုကြောင့် လူသေကျေ ဒဏ်ရာ ရရှိခဲ့ခြင်းအပေါ် ဒေါသထွက်မိ

(GMT+08:00)2022-08-01 17:17:07  

  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇူလိုင် ၃၁ ရက်နေ့တွင် ပြောရေးဆိုခွင့် ရှိသူမှ တစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး  ထိုနေ့တွင် ကွန်ဂို (ကင်ရှာဆာ) နှင့် ယူဂန်ဒါနိုင်ငံ နယ်စပ်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ၏ သေနတ် ပစ်ခတ်မှုကြောင့် လူသေကျေ ဒဏ်ရာရရှိမှု ဖြစ်စေခြင်းအပေါ်  ဒေါသထွက်မိပြီး သက်ဆိုင်သူများကို အရေးယူရန် တောင်းဆိုကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများ၊ ကွန်ဂို (ကင်ရှာဆာ)  ပြည်သူများနှင့် အစိုးရ အပေါ် အလေးအနက် ဝမ်းနည်းကြေကွဲဖြစ်မိကြောင်း၊ ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာလာရန် ဆုတောင်းပါကြောင်း  ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။