ရှီကျင့်ဖိန်သည် ဖိလစ်ပိုင် ငလျင်ဘေး ဖြစ်ပွားခဲ့သည့်အပေါ် ဖိလစ်ပိုင်သမ္မတ မားကို့စ် ထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-07-31 17:20:36  

ဇူလိုင်လ ၃၀ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင် ငလျင်ဘေး ဖြစ်ပွားခဲ့သည့်အပေါ် ဖိလစ်ပိုင်သမ္မတ မားကို့စ် ထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က ဖိလစ်ပိုင်တွင် ငလျင်လှုပ်ခတ်မှု ဘေးအန္တရာယ်ဖြစ်ပွားပြီး လူသေဆုံးမှုများနှင့် ဓနဥစ္စာဆုံးရှုံးမှုများကို သိရှိရသဖြင့် တုန်လှုပ်မိကြောင်း၊ ကျွန်တော်အနေနှင့် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများအတွက် အလေးအနက် ဝမ်းနည်းကြေကွဲမိကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဒဏ်ရာရရှိသူများအား နှစ်သိမ့်ကြောင်း၊ သမ္မတ မားကို့စ်နှင့် ဖိလစ်ပိုင်အစိုးရ၏ ဦးဆောင်မှုအောက်တွင် ဘေးသင့်သူများသည် ဘေးအန္တရာယ်ကို ကျော်လွှား၍ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြပါသည်။