ကမ္ဘာ့ဘဏ်သည် ငွေရင်းစုဆောင်းမှုစီမံကိန်းတစ်ရပ်ကို အတည်ပြုပြီး အနောက် အာဖရိက(၃)နိုင်ငံ၌ စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရန် အကူအညီပေး

(GMT+08:00)2022-07-31 17:24:48  

အာဖရိက(၃)နိုင်ငံ၌ စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရန် အကူအညီပေး

ဒေသစံတော်ချိန် ဇူလိုင်လ ၂၉ ရက်နေ့က ကမ္ဘာ့ဘဏ်သည် အနောက်အာဖရိက ဒေသတွင်း စားနပ်ရိက္ခာစနစ် ခံနိုင်ရည်ရှိရေးစီမံကိန်း ဒုတိယအဆင့်အတွက် ငွေရင်း စုဆောင်းမှုကို အတည်ပြုခဲ့ပါသည်။

ယင်းစီမံကိန်းအရ နိုင်ငံတကာဖွံ့ဖြိုးရေးအသင်းသည် အမေရိကန်ဒေါ်လာ (၃၁၅)သန်းကို ငွေရင်းစုဆောင်းပြီး လူ (၂)သန်းသည် အကျိုးခံစားနိုင်မည်ဖြစ်ကာ ချဒ်၊ ဂါနာ နှင့် ဆီလာလီယွန်၌ စားနပ်ရိက္ခာ မဖူလုံမှုကို ရင်ဆိုင်ရန် အားဖြည့်ပြင်ဆင်ပြီး ၎င်းတို့၏ စားနပ်ရိက္ခာစနစ်၏ ခံနိုင်ရည်ရှိမှုကို တိုးမြှင့်ရန် အဓိက ထောက်ပံ့မည် ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ဆောင်ရွက်ပြီးနောက် အဆိုပါ (၃)နိုင်ငံ၏ ရည်မှန်းထားသော ဒေသများ၌ စားနပ်ရိက္ခာ မဖူလုံမှုနှင့် ရင်ဆိုင်နေရသော လူဦးရေ (၂၅)ရာခိုင်နှုန်းကို လျှော့ချနိုင်မည်ဟု ခန့်မှန်းရကြောင်း သတင်းရရှိပါသည်။