အာဖဂန်နိုင်ငံ ကဘူးလ်မြို့တော်တွင် ကြီးမားသော ဗုံးပေါက်ကွဲမှုဖြစ်ပွား

(GMT+08:00)2022-07-31 17:22:54  

    ဒေသစံတော်ချိန် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အာဖဂန်နိုင်ငံ ကဘူးလ်မြို့တော်၌ ကြီးမားသော ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ China Media Group မှ သတင်းထောက်နှင့် ကဘူးလ်မြို့ရှိ နေရာအများအပြားမှ ဒေသခံများသည် ပေါက်ကွဲသံကို ကြားခဲ့ရပါသည်။ လက်ရှိအချိန်တွင် သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို အာဖဂန် ယာယီအစိုးရက ထုတ်ပြန်ခြင်း မရှိသေးကြောင်း သတင်းရရှိပါသည်။