ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ လူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲ ကျင်းပပြီးစီး

(GMT+08:00)2022-07-31 17:21:10  

    ဇူလိုင်လ ၃၀ ရက်နေ့က ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ လူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲကို ကျင်းပပြီးစီးခဲ့ပါသည်။ သက်ဆိုင်ရာ စာရင်းအရ ယခုအကြိမ် ကုန်စည်ပြပွဲတွင် ပါဝင်ကြ သည့် ပရိသတ်ဦးရေမှာ ၂သိန်း ၈ သောင်းကျော် ရှိပြီး နိုင်ငံနှင့်ဒေသ  ၆၁ခုမှ လုပ်ငန်းကုမ္ပဏီ ၁၉၅၅ခုနှင့် အမှတ်တံဆိပ် ၂၈၀၀ ကျော် ပါဝင်ခဲ့ကြသည်ဟု သိရပါသည်။  ပြည်တွင်းပြည်ပ ကုမ္ပဏီများက ယခုအကြိမ် ကုန်စည်ပြပွဲ၏ ပြသရေးရလဒ်ကို ကျေနပ်မိပြီး လာမည့်နှစ်တွင် တတိယအကြိမ်မြောက် နိုင်ငံတကာ လူသုံးကုန်ပစ္စည်း ကုန်စည်ပြပွဲတွင် ဆက်လက် ပါဝင်ကာ ယင်းပလက်ဖောင်းကို အသုံးပြု၍ ကုန်ပစ္စည်းများနှင့် ကုမ္ပဏီရုပ်ပုံကို ပိုမိုကောင်းမွန်စွာ ပြသထားရန် မျှော်လင့်ကြကြောင်း ပြပွဲ စည်းရုံးရေး ကော်မတီက ဖော်ပြပါသည်။