ကန် နယူးယောက်မြို့က monkeypox ရောဂါဖြစ်ပွားမှုသည် အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်

(GMT+08:00)2022-07-31 17:24:16  

ဒေသစံတော်ချိန် ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန် နယူးယောက်ပြည်နယ် နယူးယောက်မြို့တော်ဝန် Eric Adams နှင့် မြို့ ကျန်းမာရေးဗျူရိုတာဝန်ခံ Ashwin Vasan တို့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ monkeypox ရောဂါဖြစ်ပွားမှုသည် အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

နယူးယောက်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနမှ စာရင်းအရ ၂၉ရက်နေ့အထိ နယူးယောက်ပြည်နယ်တွင် monkeypox ရောဂါစွဲကပ်ခံရသူဦးရေ (၁၃၈၃)ဦးထက်မနည်း ရှိသည့်အနက် နယူးယောက်မြို့၌ စွဲကပ်ခံရသူဦးရေ (၁၂၈၉)ဦးရှိကြောင်း သိရပါသည်။