ရန်ကုန် ဘတ်စ်ကားဂိတ် တစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၄ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-07-31 17:21:43  

ဒေသ စံတော်ချိန် ယခုလ ၃၁ရက်နေ့ နံနက် ၉နာရီခန့်အချိန်တွင် မြန်မာနိုင်ငံ ရန်ကုန်ရှိ တောင်ဒဂုံမြို့နယ်၏ ဘတ်စ်ကားဂိတ် တစ်ခု အနီးအနားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ပေါက်ကွဲခဲ့သည့် ဗုံးကို ကားဂိတ်၏ ကားစောင့်ရာနေရာရှိ ထိုင်ခုံအောက်တွင် ထားရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများသည် ခရီးသည်များ ဖြစ်ကြပြီး လက်ရှိတွင် ၄င်းတို့ကို အနီးရှိ ဆေးရုံသို့ ကုသမှုပေးရန် ပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသို့ သွားရောက်ပြီး အနီးရှိ နေရာများကို ပိတ်ထားကာ ရှာဖွေစစ်ဆေးမှုကို ဆောင်ရွက်သော်လည်း ယခုအထိ ၄င်းဗုံးပေါက်ကွဲမှုကို ပြုလုပ်သည်ဟု သံသယရှိသူကို မတွေ့ရှိသေးကြောင်း သိရသည်။